Monday, January 17, 2011

တွေးမိတာလေးတွေ


မနက်ဖြန်ကျရင် ဆေးရုံမှာဗိုက်ခွဲဖို့ သွားရမယ်၊
၅ရက်ဆေးရုံတက်ရမယ်တဲ့။
ငယ်တုံးကသိပ်ပြီးမစိုးရိမ်တတ်ဘူးလို့  ၊ကိုယ့် ဖာသာ
အမှတ်ပေးထားတာလေ၊ခုတော့ လဲကြောက်တတ်နေပြီပဲ
ငွေကုန်မှာကြောက်တာ။
နာမှာကြောက်တာ။
အဆိုးဆုံးကတော့ငယ်ငယ်ကဖတ်ရတဲ့ စာအုပ်လေ
အေဂျေကရိုနင် ရေးပြီး မောင်ထွန်းသူဘာသာပြန်တာ၊
ရဲတိုက်၊အဲဒီ စာအုပ်ထဲကဇာတ်လိုက်ဆရာဝန်ရဲ့ လူနာကိုခွဲစိတ်တဲ့ ဆရာဝန်က
ခွဲရမယ်ဘေလုံးကိုမရှာတတ်တော့ တွေ့ တဲ့ သွေးလုံးကိုခပ်တည်တည်နဲ့ 
ကောက်ခွဲချလိုက်တာ သွေးလွန်ပြီးလူနာသေပါလေရော။
ပြီးတော့ သူ့ အရှက်မကွဲအောင် ကျတော်လဲ အတတ်နိုင်ဆုံးကြိုးစား
တာဘဲလို့ ပြောတယ်လေ။ခုလဲအဲလိုဆရာဝန်နဲ့ တွေ့ ရင်
ဘာလို့ သေသွားမှန်းတောင်ကိုယ်ဖာသာမသိလိုက်ရမှာ။
အင်းတွေးပူတာပါလေ နော။