ကျမ ဒီကိုစ ရောက်လာတာ 2005 မှာပါ။လာတဲ့ရည်ရွယ်ရင်းကတော့  ဆိုင်လေးတဆိုင် ဖွင့်မယ်လို့ ၊
ဒါပေမယ့် ဒီမှာ မှန်းချက်နဲ့ နှမ်းထွက်က တခြားစီ ဖြစ်နေပါလေ ရော။
ဒါနဲ့ ဘုရင့် နောင်ဖေါင်ဖျက်ပြီးလာခဲ့တဲ့ ကျမဟာ ဖိနပ်မတော်ရင်းဖနောင့် လှီးရမှာဘဲမို့ ရတဲ့ အလုပ်ကိုဝင်
လုပ်ပါတယ်။ဘာဘဲ ဖြစ်ဖြစ် ဘာကြောင့် ဘဲဖြစ်ဖြစ် အလုပ်တစ်ခုလုပ်ရင် အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆို တဲ့ ကျမ မိဘတွေပေးလိုက်တဲ့မွေးရာပါ အသိစိတ်ကြောင့် ဘာလုပ်လုပ် အလုပ်နဲ့ ယှဉ်လာရင် ကျမတခါမှမျက်နှာ မငယ်ရပါဘူး။ဒါကြောင့် လဲပေးတဲ့လခထက် ပိုတန်အောင် လုပ်ပေးတဲ့ အလုပ်သမားတို့ ထုံးစံအတိုင်း အလုပ်ရှင်ရဲ့ လိုလားခြင်း၊မျက်နှာသာပေးခြင်းတို့ 
ခံရပါတယ်။အဲဒီမှာပြသနာစတာပါဘဲ။အလုပ်ရှင်ဆိုတာ အနည်းနဲ့ အများတွက်တတ်ကြလို့ သာ အလုပ်ရှင်
လုပ်နေကြတာ မဟုတ်လား။ကျမ တို့ လို ခိုင်းကောင်းတဲ့ အလုပ်သမားတစ်ယောက်ကို သူ့ နိုင်ငံသားတ
ယောက် ဖြစ်ကြည့် ပါလား။အခွင့် အရေးတွေဖန်တီးပေးပြီး မခွာချင်အောင်ချုပ်ထားမှာပေါ့၊ကျမတို့ကိုပေး
တဲ့ လစာထက်လဲပိဲုပေးရမှာ မလွဲ။ဒီတော့ ဘာလုပ်မလဲ ကျမ တို့ ကို မျှော်လင့် ချက်တွေပေးမယ်၊
သာမည အလုပ်သမား တယောက်ထက် ပိုပေးမယ်(လစာ)ဒါပေမယ့် သူနိုင်ငံသားကိုပေးရတဲ့ လစာ ရဲ့ တ
ဝက်ပေါ့ ။ပြောရေးဆိုခွင့်တွေပေးမယ် (သူဋေး နဲ့ လက်ရေတပြင်စီးပေါ့ )ဒါပေမယ့် သတ်သတ်မှတ်မှတ်
ရာထူးတော့ သူ့ ကုပနီကိုထိခိုက်ခံပြီးပေးမှာမဟုတ်။ဒီလိုနဲ့ ကျမတို့ ရဲ့ လုပ်အား၊အခမဲ့ အကြံပေးမှုတွေတောင် ပါလိုက်သေး။ကျမတို့ ရဲ့ အချိန်တွေ အားလုံးကို သူ့ ကိုပေးထားရတော့တာပါဘဲ
ကျမ တို့ နဲ့ အလုပ်အတူတွဲလုပ် ကြမယ်တို့ ၊ရှယ်ယာခွဲပေးမယ်တို့ ဒီလိုပြောလုံးလေးတွေက ကျမတို့ ကို
ရေရှည်ခိုင်းလို့ ရအောင်ထွင်တဲ့ ထွင်လုံးကလေးတွေပေါ့။တကယ်တော့ သူတို့ ဘယ်လောက်စေတနာရှိပါစေဦး၊ကျမတို့ နိုင်ငံမှာပြန်ပြီးစက်ရုံထောင်ဖြစ်သွားတဲ့ သူ၊ဒီမှာဘဲ ကိုယ်သူဋေးနဲ့ တွဲပြီး သူဋေးဖြစ်သွားသူ ဘယ်နှစ်ယောက်များရှိလို့ တုံး၊
ဒါပေမယ့် ကျမတို့ ကလဲ ပျားရည်ကြိုက်ကြတယ်မဟုတ်လား ၀မ်းချခံရတာပေါ့။
ကျမ ရောက်ခါစက ကျမတို့ အသိ အကိုကြီးတယောက်ဆို သူအလုပ်လုပ်သက် သုံးနှစ်ကထဲက သူ့ 
သူဋေးနဲ့ လေထဲ စက်ရုံထောင်နေတာ ခုဆို သူ့ သမီးတောင် အပျိုဖြစ်တော့ မယ်။သူက ခုထိ သူဋေးလူယုံ
တရားမ၀င်မန်နေဂျာ။အခမဲ့ humenresort officer ၊အလုပ်သမားခေါင်း။အလုပ်ရုံလူမိုက်၊ရံဖန်ရံခါ အနားပြာ ဖြစ်နေတုံးပါဘဲ။သူကလဲအသားကြနေပုံပါဘဲလေ။ဒါ ပါဘဲ ကျမတို့ အလုပ်သမားကောင်းတွေရဲ့ 
ရလဒ်။