Thursday, November 15, 2012

မြန်မာ့ဆေးရုံကိုယ်တွေ့

ဆေးရုံနဲ့အကျိုးပေးလိုက်ပုံများ၊အမျိုးသမီးရောဂါသွားပြပါတယ်၊ဆိုးနေတဲ့ချောင်းကိုအရင်ကုမယ်လို့ဓါတ်မှန်သွား
ရိုက်ခိုင်းတာနဲ့၊အဆုတ်လေ၀င်နေတာရှာတွေ့ပါလေရော။ချောင်းဆိုးလွန်းတာကြောင့်အဆုတ်ပေါက်သွားသတဲ့၊
အဲဒီကနေအဆုတ်မှာလေခိုသွားလို့chesttubeသွင်းပြီးလေစုတ်ထုတ်ပစ်ရပါတယ်။ဆေးရုံသွားတက်ရတယ်(မတက်ရင်
သေမယ်ဆိုလို့)အဲဒီမှာကျမတို့ဆီကပြည်သူ့ဆေးရုံကိုအရှင်လတ်လတ်လူနာအဖြစ်နဲ့ထိတွေ့ဘူးသွားတာပေါ့။
ဟိုအရင်ကျမမေမေတို့သူနာပြုခဲ့စဉ်ကအလုပ်လုပ်ပုံနဲ့ခုများတခြားစီပါဘဲ။ကျမသွားတက်ရတာကသင်ကြားရေးဆေး
ရုံဆိုတော့ အလုပ်သင်ဆရာဝန်တွေကမှအလုပ်လုပ်ကြရသေးတယ်။သူနာပြုတွေကတော့ တော်တော်အရည်အသွေးကျသွားတာပါ။ဝဒ် ရဲ့သန်ရှင်းရေးကအစစီမံခန့်ခွဲမှုတအားညံ့တာပါဘဲ။

No comments:

Post a Comment