Monday, August 16, 2010

နိုင်ငံခြားရဲ့ အရသာ

 ကျွန်မ ကိုယ့် ဇာတိကို ခွာလာခဲ့ တာ ခုဆိုရင် ခြောက်နှစ်ထဲမှာပေါ့ ။လာခါစကတော့ အိပ်မက်တွေအိတ်နဲ့ 
နှစ်လုံးအပြည့် သယ်လာခဲ့တာ။ရောက်ပြီးတစ်လအကြာမှာအိတ်ထဲကထုတ်လိုက်တဲ့ ပစ်စည်းတွေလိုဘဲ
အိပ်မက်လေးတွေခမျာလဲ တနေရာစီဖြစ်သွားကြရရှာရော။
ခုတော့လဲအချိန်ကြာတာနဲ့ အမျှ မသုံးဖြစ်တော့တဲ့ပစ်စည်းတွေလိုဘဲ ကျွန်မအိပ်မက်တွေမှာဖုံတွေတောင်တက်လို့ ။ဒါပေမယ့်ပျောက်သွားသလားဆိုတော့ လဲမဟုတ်ဘူးပေါ့လေ။
လူတွေကပြောကြတာပေါ့။သူကဘယ်နိုင်ငံမှာဘယ်လောက်ရတာ။ဒါလောက်ဘဲ မြင်ကြတာလေ။
တန်ရာတန်ကြေးထက်ပိုလုပ်ပေးရစမြဲဖြစ်တဲ့ ။ရသင့် ရထိုက်တဲ့ အခွင့် အရေးတွေအမြဲဆုံးရှုံးနေရတဲ့ဘ၀တွေကိုမသိကြတာများပါတယ်။ကိုယ်တွေကလဲပြန်မပြောဖြစ်ဘူးလေ။အဆင်ပြေတာလေးတွေ၊ကောင်းတာလေးတွေဘဲရွေးပြောမိကြတာကိုး။အဲဒီလိုရင်ဘတ်အောင့် ရတာတွေများလာတော့ကျွန်မစိတ်ထင် အဆိုးမြင်ဝါဒီတွေများသထက်များလာတာဘဲ။
ကျွန်မကြုံတာလေးတွေပြောပြချင်တယ်။ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးပေါ့ လေ။

1 comment:

  1. ပြောပါဦးမယ်တော်ကြီးရယ်
    နိုင်ငံခြားရဲ့အရသာ... အချိုမှုန့်ကလေးခတ်..
    ဆားလေးနဲ့နဲ့တော့ရှော့ပေါ့

    ReplyDelete